Monday, September 12, 2016
လီဗာပူးကို ရွေးချယ်ခဲ့ခြင်းမှာ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ဖြစ်ဟု ဘာလော့တယ်လီ ပြော
လီဗာပူးကို ပြောင်းဖို့ ရွေးချယ် ခဲ့တာဟာ ဘ၀မှာ အဆိုးဝါးဆုံး ဆုံးဖြတ် ချက်ကို ပြုလုပ် မိတာ ဖြစ်တယ်လို့ အီတလီ တိုက်စစ်မှူး ဘာလော့ တယ်လီက ပြောလိုက် ပါတယ်။
တိုက်စစ်မှူး ဘာလော့ တယ်လီဟာ အေစီမီလန် ကနေ ၂၀၁၄ မှာ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီး ၂၈ ပွဲမှာ ၄ ဂိုးပဲ သွင်းယူနိုင် ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရာသီက အေစီမီလန်ကို အငှားနဲ့ သွားရောက် ကစား ခဲ့ပြီး ပွဲပေါင်း ၂၀ မှာ ၁ ဂိုးပဲ သွင်းယူနိုင် ပါတယ်။
ဒီနှစ် နွေရာသီမှာတော့ လီဗာပူးက သူ့ကို ပြင်သစ် ကလပ် နိုက်စ်ကို ရောင်းချ ခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက် ညက ပြင်သစ် အမှတ်ပေး လိဂ်ပွဲစဉ်မှာတော့ နိုက်စ်က မာဆေးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ တိုက်စစ်မှူုး ဘာလော့တယ်လီ ၂ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
အခုလို ဂိုးတွေ သွင်းယူနိုင်တဲ့ အတွက် ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု ကိုတောင် မျှော်မှန်းနိုင်မှာ ဖြစ်တယ်လို့ ဘာလော့တယ်လီက ပြောဆို သွားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167975
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment