Tuesday, September 13, 2016
တိုက်စစ်မှူး လူကာကူ၏ ဟက်ထရစ် သွင်းဂိုးဖြင့် ဆန်းဒါးလန်းကို အဲဗာတန် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
စက်တင်ဘာ ၁၂ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်က တိုက်စစ်မှူး လူကာကူရဲ့ ၁၁ မိနစ် အတွင်း သွင်းတဲ့ ဟက်ထရစ်ဂိုးနဲ့ ဆန်းဒါးလန်းကို အနိုင်ရ သွားပါတယ်။
အဲဗာတန်အတွက် အနိုင်ဂိုးတွေကို လူကာကူက မိနစ် ၆၀၊ ၆၈ မိနစ်နဲ့ ၇၁ မိနစ်တွေမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဗာတန်ဟာ အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
ဆန်းဒါးလန်းကတော့ ကစားပြီးတဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံးမှာ နိုင်ပွဲမရှိသေးပါဘူး။
အဲဗာတန်ကတော့ ရာသီအစ ပွဲစဉ်တွေမှာ ရှုံးပွဲမရှိသေးတဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း အဲဗာတန်နဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ရရှိသွားပါတယ်။
ဒီနိုင်ပွဲကြောင့် အဲဗာတန်က ၁၀ မှတ်နဲ့ အဆင့် ၃ နေရာကို တက်လှမ်းသွားပြီး ဆန်းဒါးလန်းကတော့ ၁ မှတ်နဲ့ အဆင့် ၁၉ မှာ ရှိနေပါတယ်။
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168075
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment