
ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီး အသင်းက တိုက်စစ်မှူး ပီတာခရော့ခ်ျကို စာချုပ် သက်တမ်း ထပ်တိုး လိုက်ပါတယ်။
စာချုပ် သစ်ကြောင့် တိုက်စစ်မှူး ပီတာခရော့ခ်ျဟာ လာမယ့် ၂၀၁၈ နွေရာသီအထိ စတုတ် စီးတီးမှာ ရှိနေမှာပါ။
ခရော့ခ်ျကတော့ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရနိုင်လိမ့်မယ်လို့ ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၁ တုန်းက ပေါင် ၁၀ သန်းနဲ့ တော့တင်ဟမ် ဟော့စပါး အသင်းကနေ စတုတ်စီးတီးကို ရောက်ရှိလာတာပါ။
သူဟာ စတုတ်စီးတီးအတွက် ၁၈၆ ပွဲမှာ ၄၉ ဂိုး သွင်းပေးထားပါတယ်။
စတုတ်နည်းပြကတော့ ခရော့ခ်ျအနေနဲ့ အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်တဲ့အတွက် ကျေနပ်တယ်လို့ ပြောပါတယ်။
လောလောဆယ်မှာ စတုတ်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/183488





No comments:
Post a Comment