မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 12, 2017

လိဂ်ဖလား ဆီမီးဖိုင်နယ်တွင် ဆောက်သမ်တန်က လီဗာပူးကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)




အင်္ဂလန်လိဂ် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် ဆောက်သမ်တန်နဲ့ လီဗာပူးတို့ ဇန်နဝါရီ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ ဆောက်သမ်တန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

လီဗာပူးဟာ ဒီပွဲမှာ ရှေ့ လယ် နောက် အဓိက ကစားသမား အများစုနဲ့ ပွဲထွက် ခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ အိမ်ကွင်းမှာ မာမာ ထန်ထန် တုံ့ပြန် ကစား ပုံကြောင့် အခက်တွေ့ခဲ့ ရပါတယ်။

ဒဏ်ရာကြောင့် နားနေ ခဲ့ရတဲ့ အဓိက ကွင်းလယ် ကစားသမား ကော်တင်ဟိုလည်း လူစားလဲ ဝင်ကစား ခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင် ခဲ့တာကြောင့် အရှုံးပေး ခဲ့ရတာပါ။

ဒီပွဲမှာ လီဗာပူးက ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်း ခွင့်ကတော့ မတိမ်း မယိမ်းပဲ ရှိနေ ခဲ့တာပါ။

ဆောက်သမ်တန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၂၀ မှာ ရက်ဒ်မွန်က သွင်းယူပေး ခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၆ ကျရင် လီဗာပူးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183638

No comments:

Post a Comment