မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 12, 2017

ဆွာရက်ဇ်၊ နေမာ၊ မက်ဆီတို့၏ ဂိုးများဖြင့် ဘီလ်ဘာအိုကို အနိုင်ယူသည့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)




စပိန် ဘရင့်ဖလား ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ အက်သလက်တစ် ဘီလ်ဘာအိုတို့ ဇန်နဝါရီ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပထမ အကျော့မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ အတွက် ဒီပွဲကို အနိုင်ဖို့ ဘာစီလိုနာတို့ တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ သုံးယောက် စလုံးကို ပွဲထွက် အသုံးပြုပြီး အနိုင်ဂိုးတွေ ကိုလည်း အဲဒီ တိုက်စစ်မှူး ၃ ဦးကပဲ တဂိုးစီ သွင်းယူပေး ခဲ့တာပါ။

ဘာစီလိုနာဟာ ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းခွင့် အသာစီး ယူနိုင်ခဲ့ပေမယ့် အဖွင့်ဂိုး ကိုတော့ ပွဲချိန် ၃၅ မိနစ်မှ ရခဲ့ပြီး တိုက်စစ်မှူး ဆွာရက်ဇ်က သွင်းယူပေးခဲ့ပါတယ်။

ဒီ့နောက် ၄၈ မိနစ်မှာ နေမာက ပယ်နယ်တီမှတဆင့် ဒုတိယဂိုး၊ ၇၈ မိနစ်မှာ မက်ဆီက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး တတိယဂိုး ရယူပေးခဲ့တာပါ။

ဘီလ်ဘာအိုအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၁ မိနစ်မှာ တိုင်ဇီဒေါက သွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာဟာ ပထမအကျော့တုန်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ ပြန်အနိုင်ရလို့ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183638

No comments:

Post a Comment