မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 12, 2017

ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ အနီကတ်ပြစ်ဒဏ် အယူခံ ပယ်ချခံရ




ချဲလ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီရဲ့ အနီကတ် ပြစ်ဒဏ်ကို အသင်းဘက်က အယူခံ ဝင်ခဲ့ပေမယ့် ပယ်ချခံ ခဲ့ရတာကြောင့် ၁ ပွဲပယ်ပြစ်ဒဏ် ချမှတ် ခံရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ ဂျွန်တယ်ရီဟာ အက်ဖ်အေ ဖလားပွဲစဉ်ဖြစ်တဲ့ ပီတာဘရော့နဲ့ ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက် ကစားခဲ့ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

ဂျွန်တယ်ရီ အနေနဲ့ ၁ ပွဲပယ် ပြစ်ဒဏ်ကြောင့် လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကစားမယ့် လက်စတာ စီးတီးနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပီတာဘရော့နဲ့ ပွဲမှာ တယ်ရီ အထုတ်ခံ ခဲ့ရပေမယ့် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။

ဂျွန်တယ်ရီဟာ ချဲလ်ဆီးအသင်းနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ အချိန်အထိ အသင်းနဲ့ ၈ ပွဲပဲ ပွဲထွက် ကစားခွင့် ရရှိ ထားပါတယ်။

ဓါတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183685

No comments:

Post a Comment