Monday, September 12, 2016
ဥရောပတွင် လေ့ကျင့်ခြေစမ်းရန် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း ထွက်ခွာ
မြန်မာ့ လက်ရွေးစင် အသင်းကြီး အနေနဲ့ ဆူဇူကီး ဖလားမှာ အောင်မြင် မှုတွေ ရရှိဖို့ အတွက် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆိုက်ပရပ်စ် စတဲ့ နိုင်ငံတွေမှာ လေ့ကျင့် မှုတွေ ပြုလုပ်ပြီး ခြေစမ်းပွဲတွေ ကစားဖို့ အတွက် စတင် ထွက်ခွာ သွားခဲ့ပါပြီ။
စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ခွာ သွားခဲ့တာ ဖြစ်ပြီး အတွေ့ အကြုံကောင်းတွေ ရဖို့ အတွက် ရည်ရွယ် ထားပါတယ်။
လက်ရှိ အချိန်မှာ မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့ ခြေစွမ်းဟာ အကောင်းဆုံး ပုံစံမှာ ရှိမနေဘဲ ရလဒ်တွေလည်း ဆိုးရွားနေ ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ အိမ်ရှင် ပြုလုပ်မယ့် ဆူဇီကီးပြိုင်ပွဲမှာ အနိုင်ရရှိဖို့ ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအ၀င် အားလုံးက မျှော်လင့်နေ ကြပါတယ်။
မြန်မာအသင်းအနေနဲ့ အုပ်စု ခ မှာ မလေးရှား၊ ဗီယက်နမ် အစရှိတဲ့ အသင်းတွေနဲ့ ကျရောက်နေပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167962
Subscribe to:
Post Comments (Atom)
No comments:
Post a Comment