
မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့ စွမ်းဆောင် ရည်မျိုး ရရှိနေ ပြီလို့ အာဆင်နယ် ကစားသမား ဆန်းချက်ဇ်က ပြောဆို လိုက်ပါတယ်။
မိမိအနေနဲ့ မက်ဆီနဲ့ စီရော်နယ်ဒို တို့လို ထိပ်တန်း ကစားသမား တွေရဲ့ အဆင့်ကို ရောက်ရှိပြီ ဆိုတာ သံသယ ဖြစ်စရာ မရှိဘူးလို့ ဆန်းချက်ဖ်က ချီလီ သတင်းစာ တခုနဲ့ တွေ့ဆုံ ရာမှာ ပြောကြား လိုက်တာပါ။
အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီနဲ့ စီရော်နယ်ဒို တို့ဟာ ၂၀၀၈ ခုနှစ် ကတည်းက ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆုကို အလှည့်ကျ ရယူနေတဲ့ ကစားသမားတွေ
ဖြစ်ပြီး ဆန်းချက်ဇ်ရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဘက်က ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ကစားသမားလို့ ဝေဖန်မှုတွေ လည်းရှိပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ မိနစ် ၉၀ မှာ ပျမ်းမျှ ၁ ဒသမ ၃၉ ဂိုး သွင်းယူထားတာဖြစ်ပြီး ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက မိနစ် ၉၀ ကစာပြီးတိုင်း ပျမ်းမျှ ၁ ဒသမ ၃ ဂိုးသွင်းယူထားတာပါ။ အာဆင်နယ်တောင်ပံ တိုက်စစ်မှူး ဆန်းချက်ဇ်ကတော့ မိနစ် ၉၀ မှာ ပျမ်းမျှ ၀ ဒသမ ၆၃ ဂိုးသာ သွင်းယူထားတာဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167780

No comments:
Post a Comment