
ဇန်န၀ါရီ ၂၄၊ အင်္ဂလန် ။ ။ မန်ယူ အသင်း၏ တောင်ပံ ကစားသမား အက်ရှ်လေယန်းက ပွဲထွက် ကစားခွင့် အတွက် အခြား အသင်းများသို့ အငှား သွားရောက် ကစားခွင့် ပေးရန် နည်းပြ မော်ရင်ဟိုထံ တောင်းဆို လိုက်သည်။
အသက် ၃၁ နှစ် အရွယ်ရှိ အက်ရှ်လေယန်းသည် နည်းပြ မော်ရင်ဟို၏ လက်အောက်တွင် ပွဲထွက် ကစားခွင့် ပျောက်ဆုံးနေပြီး စိတ်ပျက်လျက် ရှိနေသည်။
မန်ယူ အသင်းက ယန်းကို အငှား သွားရောက် ကစားခွင့်ပြု လိုသော်လည်း အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ဖလားများ ယှဉ်ပြိုင်ကစားရန် ရှိနေသည့် အတွက် နည်းပြ မော်ရင်ဟိုက ယန်းကို အသင်းတွင်သာ ဆက်လက် ထိန်းသိမ်း ထားလိုလျက် ရှိနေသည်။
ယန်းကို ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် ၀က်စ်ဟမ်း၊ ၀က်စ်ဘရွန်း၊ ၀က်ဖို့ဒ်၊ ပဲလေ့စ်နှင့်ဆွမ်ဆီး အသင်းတို့က စိတ်ဝင်စားလျက်ရှိနေကြသလို တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းအသင်းကလည်း ခေါ်ယူလိုလျက်ရှိနေသည်။
ယန်းကို ခေါ်ယူရန် အသင်း အများအပြားက စိတ်ဝင်စားလျက် ရှိနေကြသော်လည်း နည်းပြမော်ရင်ဟိုက အသင်းမှ မည်သည့် ကစားသမားကိုမှ အငှား ထွက်ခွာခွင့်
ပြုတော့မည် မဟုတ်ဟု ပြောဆို ထားသည်။
From : မဇ္ဈိမ မီဒီယာ by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/22712





No comments:
Post a Comment