မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 20, 2015

အိုးအိမ်မဲ့များကို မန်ယူ ကစားသမားများ ပိုင်ဆိုင်သည့် အဆောက်အဦးတွင် နေထိုင်ခွင့်ပြု




အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းက ကစားသမား ဟောင်းတွေ ပိုင်ဆိုင်တဲ့ အဆောက် အဦးမှာ အိုးအိမ်မဲ့တွေကို ဆောင်းရာသီ နေထိုင်ခွင့်ပေး လိုက်ပါတယ်။

မန်ယူ ကစားသမားဟောင်း ရိုင်ယန် ဂစ်နဲ့ ဂယ်ရီနေဗီလ်းတို့ ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးမားတဲ့ ဟိုတယ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်မယ့် မန်စီးတီးက စတော့ အိပ်ချိုင်း အဆောက်အဦးမှာ လူ ၃၀ နီးပါး နေထိုင်နေတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ ၀က်စ်လေဟောကတော့ နေဗီလ်းနဲ့ ဖုန်းနဲ့ စကားပြောဆိုရာမှာ အဆောက်အဦးကို ပြင်ဆင်ရေး လုပ်ငန်းတွေ စမယ့် ဖေဖော်ဝါရီလ မတိုင်ခင် အထိ နေခွင့်ပြု မယ်လို့ ပြောပါတယ်။

အဆောက်အဦးကို ဆောက်လုပ်နေတဲ့ သူတွေနဲ့ စကားပြောဆို ရာမှာ သူတို့က နေဗီလ်းနဲ့ တိုက်ရိုက်ပြောဖို့ ဖုန်းပေး လိုက်တာ ဖြစ်ပါတယ်။

အရင် သီတင်းပတ်က လစ်လပ်နေတဲ့ ရုံးကနေ ဒီအဖွဲ့က ရွှေ့ပြောင်းလာတာ ဖြစ်ပါတယ်။

အိုးမဲ့အိမ်မဲ့ ၀က်စ်လေဒပ်ဗ်ကတော့ လှပတဲ့အဆောက်အဦ ဖြစ်ပြီး ဆောင်းတွင်းအတွက် လုံခြုံပြီ ဖြစ်တယ်လို့ ပြောပါတယ်။

စတော့အိပ်ချိုင်းအဆောက်အဦကို ၃၅ ခန်းပါ ဟိုတယ်အဖြစ်ပြောင်းလဲဖို့ ဒီနှစ်အစောပိုင်းက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဂစ်နဲ့ နေဗီလ်းတို့က ငွေရင်းအနှီးမတည်နေတာ ဖြစ်ပါတယ်။

အဆောက်အဦကို ပေါင် ၁.၅ သန်းနဲ့ ၀ယ်ခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117468

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment