
အောက်တိုဘာ ၃၁၊ လန်ဒန် ။။ ဒဏ်ရာရ လူစာရင်း ရှည်ထဲတွင် ချိန်ဘာလိန်နှင့် ဝဲလ်ကော့တ်တို့ ထပ်မံ ပါဝင်လာသော်လည်း အသင်း၏ လေ့ကျင့်ရေး နည်းလမ်းများကို အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ကာကွယ် ပြောဆို လိုက်သည်။
အင်္ဂလန် ကစားသမားနှစ်ယောက် ဒဏ်ရာ ရခဲ့ခြင်းနှင့် ပတ်သက်ပြီး နယ်သာလန် လူမျိုးကြံ့ခိုင်ရေး ပညာရှင် ရေမွန် ဗာဟေယန်က အာစင်ဝင်းဂါးကို စွပ်စွဲပြစ်တင် ထားသည်။
ချိန်ဘာလိန်နှင့် ဝဲလ်ကော့တ်တို့သည် အင်္ဂါနေ့တွင် အာဆင်နယ်အသင်းက ရှက်ဖီးဝမ့်နက်စ်ဒေးကို ၃-၀ဂိုးဖြင့် ရှုံးသည့်ပွဲ၌ ဒဏ်ရာရခဲ့ကြ ခြင်းဖြစ်သည်။
"အဲဒီလူ (ဗာယေယန်) ကိုကြည့်ရတာ အရာရာသူသိသူတတ်လို့ ထင်နေပုံပဲ။ ကျွန်တော်တို့ ကြံ့ခိုင်ရေးမှူးတွေနဲ့ ဆရာဝန်တွေထက် သူပိုသိ နေတာ အံ့သြစရာပဲ။ ဆေးအဖွဲ့ကို ကျွန်တော်ယုံကြည်သလို နည်းပြအဖွဲ့ကလည်း ကြံ့ခိုင်ရေးအစီအစဉ်တွေကို ကောင်းကောင်းလုပ်နိုင်မယ် လို့ ယုံကြည်ပါတယ်။
ပြောရရင် ပြင်ပဘဝလိုပဲပေါ့။ သူကျတော့ဖျားပြီး သူကျတော့ဘာလို့မဖျားလဲ။ ဒါကိုနားလည်ထားဖို့ လိုပါမယ်"ဟု အာစင် ဝင်းဂါးက ပြောသည်။
ရမ်ဆေး၊ အာတီတာ၊ ရိုဆစ်စကီး၊ ဝီလ်ရှီးယားနှင့် ဝဲလ်ဘတ်တို့လည်း ဒဏ်ရာများရနေရာ အာစင်ဝင်းဂါးအတွက် လူရွေးချယ်ရာ၌ အကန့် အသတ်များရှိနေသည်။
"ကစားသမားတွေကို ဆုံးရှုံးထားရတာ အမြဲစိတ်ပျက်ဖို့ကောင်းတယ်။ ဒါပေမဲ့ အသင်းမှာရှိတဲ့ အရည်အချင်းတွေကိုအကောင်းဆုံးပြင်ဆင်ရ မှာဖြစ်သလို စိတ်ဓါတ်ပိုင်းကိုလည်း အကောင်းဆုံးပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အသင်းမှာ ကစားသမားအများကြီးရှိပါသေးတယ်"ဟု ဝင်းဂါးကပြောသည်။
Ref; goal.com
မဇ္ဈိမ မာလ်တီမီဒီယာ by mizzima
Original link - http://mizzimaburmese.com/article/6780
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment