
အောက်တိုဘာလ ၃၀ ရက်က Ooredoo MNL 2015 ဖလား နောက်ဆုံး ဖိုင်နယ် ပွဲစဉ် အဖြစ် ရန်ကုန် ယူနိုက်တက်နှင့် ချင်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားရာ ချင်းယူနိုက်တက်မှ ရန်ကုန် ယူနိုက်တက် အသင်းအား ၂ ဂိုး ၆ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီး ရန်ကုန် ယူနိုက်တက်မှ ဖလား ဆွတ်ခူး ရရှိခဲ့သည်။
ဘောလုံးပွဲစဉ် မိနစ် ၉၀ တွင် ရန်ကုန်ယူနိုက်တက် ရှေ့တန်းတိုက်စစ်မှူး ဆီဇာ မှ ၅ ဂိုးသွင်းယူပြီး သန်းပိုင်မှ ၁ ဂိုးသွင်းယူခဲ့ကြပြီး ချင်းယူနိုက်တက်မှ ဆန်းဒေးမက်ဒရုးက ရန်ကုန်ယူနိုက် အသင်းအား နှစ်ဂိုး သွင်းယူ ခဲ့ကြသည်။
ရန်ကုန်ယူနိုက်တက်အသင်းမှ အော်ရီဒူး မြန်မာနေရှင်နယ်လိဒ် ၂၀၁၅ ဖလား ရရှိခဲ့ခြင်းကြောင့် နိုဝင်ဘာလတွင် ကျင်းပမည့် မဲခေါင်ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။












(ဓာတ်ပုံ -ဟောင်ဆာ-(ရာမည)-မဇ္ဈိမ)
မဇ္ဈိမ မာလ်တီမီဒီယာ by mizzima
Original link - http://mizzimaburmese.com/photo-essay/6786
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment