မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

ရီးယဲလ်မှ ထွက်ခွာပါက မန်ယူသို့ပြန်ပြောင်းရန် စီရော်နယ်ဒိုကို ဒေးဗစ်ဘက်ခမ်း အကြံပေး




မန်ချက်စတာ၊ နိုဝင်ဘာ ၁၄ ။။

ကမ္ဘာကျော် ဘောလုံး သမားဟောင်း ဒေးဗစ် ဘက်ခမ်းက စီရော်နယ်ဒို အနေဖြင့် ရီးယဲလ် အသင်းအား စွန့်ခွာရန် ဆုံးဖြတ် ခဲ့ပါက အသင်းဟောင်း မန်ယူသို့ ပြန်ရန် တိုက်တွန်း ပြောကြား လိုက်သည်။

ဒေးဗစ်ဘက်ခမ်သည် ပြီးခဲ့သည့် ၁၂ နှစ်က မန်ယူအသင်းကို စွန့်ခွာခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ၎င်း၏ကစားသမားဘ၀ ကုန်ဆုံးချိန်အထိ မန်ယူတွင် ပြန်လည်ကစားခွင့်မရခဲ့ပေ။ နည်းပြကြီးဖာဂူဆန်နှင့်လည်း မည်သည့်အခါကမှ ပြန်လည်လက်တွဲခွင့်မရခဲ့ပေ။

ယခုတစ်ပတ်တွင်မူ ဘက်ခမ်သည် ရန်ပုံငွေပွဲစဉ်ကို ဦးဆောင်ကစားမည်ဖြစ်ပြီး ၎င်း၏အသင်းကို ဖာဂူဆန်က နည်းပြမည်ဖြစ်ကာ ကစားဖော်ဟောင်းများနှင့် ပြန်လည်လက်တွဲမည်ဖြစ်သည်။

ဒေးဗစ်ဘက်ခမ်က ၎င်းသည် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာပြီးနောက်တွင် မန်ယူသို့ ပြန်ရန် မည်သည့်အခါကမှ အခွင့်အရေးမရခဲ့ကြောင်း ပြောဆိုခဲ့ပြီး စီရော်နယ်ဒိုအနေဖြင့် ထိုအခွင့်အရေးရရှိပါက လက်လွှတ်မခံရန် ပြောသည်။

'မန်ယူကို ပြန်သွားဖို့ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ကျွန်တော် ပြန်သွားခဲ့မှာပါ။ ဒါပေမဲ့ ဒီအခွင့်အရေးကို ဘယ်တုန်းကမှ မရခဲ့ပါဘူး။ မန်ယူအသင်းကို ပြန်မသွားဖို့ ဘယ်ကစားသမားကိုမှ ကျွန်တော်အကြံမပေးဖူးပါဘူး။ စီရော်နယ်ဒိုသာ ရီးယဲလ်ကို စွန့်ခွာမယ်လို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင်ပေါ့။ ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်အရဆို မန်ယူကိုပဲ ပြန်သွားသင့်ပါတယ်။

သူက မန်ယူအသင်းမှာ ပရိသတ်ရဲ့ အသည်းစွဲပါ။ အဲ့ဒီမှာ ကြီးမားတဲ့အောင်မြင်မှုတွေလည်း သူရခဲ့ပါတယ်။ အလွန်ကြိုးစားသူအဖြစ်လည်းအားလုံးက လက်ခံပြီးသားပါ' ဟု ဒေးဗစ်ဘက်ခမ်က ပြောသည်။

ဒေးဗစ်ဘက်ခမ်သည် မန်ယူတွင် နည်းပြဖာဂူဆန်နှင့်ပြဿနာဖြစ်ပွားပြီးနောက် ရီးယဲလ်သို့ပြောင်းရွှေ့ခဲ့ကာ ထိုမှတစ်ဆင့် အယ်လ်အေဂလက်ဆီ၊ အေစီမီလန်နှင့် ပီအက်စ်ဂျီအသင်းများတွင် ကစားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/7408

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment