
ချဲလ်ဆီး အသင်းဟာ ဘယ်လ်ဂျီယံ ရှေ့တန်း ကစားသမား ဗက်ဆွာယီ (Batshuayi) ကို အိုလံပစ် မာဆေး အသင်းကနေ ၅ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ဗက်ဆွာယီဟာ ဘယ်လ်ဂျီယံ အသင်းနဲ့ အတူ ယူရို ၂၀၁၆ ကွာတား ဖိုင်နယ် အထိ ကစားခဲ့ သူလည်း ဖြစ်ပါတယ်။
“ဥရောပက အကြီးဆုံး ကလပ်အသင်း တသင်းမှာ ကစားခွင့် ရမှာဖြစ်လို့ ၀မ်းသာ ပါတယ်။ ဘ၀ရဲ့ နောက်ထပ် စာမျက်နှာသစ် ဖွင့်လိုက်ပါပြီ” လို့ ဗက်ဆွာယီက ပြောတာကို အသင်းရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ချဲလ်ဆီးအသင်းမှာ ဘယ်လ်ဂျီယံအသင်းက ဟာဇက် (Hazard) နဲ့ ကော့တွိုက်စ် (Courtois) တို့ ကစားနေတာဖြစ်လို့ ဗက်ဆွာယီဟာ တတိယမြောက် ဘယ်လ်ဂျီယံ ကစားသမား ဖြစ်လာပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/157607

No comments:
Post a Comment