![]() |
တာကူမာ အစန်နို(ရှေ့)။ (ဓာတ်ပုံ - ရိုက်တာ) |
အာဆင်နယ် အသင်းဟာ ဂျပန် ကလပ် စန်ဖရက်ကီ ဟီရိုရှိးမား (Sanfrecce Hiroshima) တိုက်စစ်မှူး တာကူမာ အစန်နို (Takuma Asano) ကို ခေါ်ယူဖို့ သဘောတူ လိုက်ပါတယ်။
စီမံ ခန့်ခွဲရေး ကိစ္စတွေ၊ ဆေးစစ် တာတွေ ပြီးတာနဲ့ အသက် ၂၁ နှစ် အရွယ် ဂျပန် ဘောလုံး သမားဟာ အာဆင်နယ် အသင်းကို တရားဝင် ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းရဲ့ ၀က်ဆိုက်မှာ ဖော်ပြချက် အရ အစန်နိုဟာ ဂျပန် ကလပ်မှာ သုံးနှစ်ခွဲ ကာလ အတွင်း ၅၆ ပွဲ ကစားခဲ့ပြီး ၁၁ ဂိုး သွင်းပေး ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/157597







No comments:
Post a Comment