
ဘာစီလိုနာနဲ့ ရီးယဲလ် မက်ဒရစ် အသင်းတွေက ခေါ်ယူမယ် ဆိုရင် အသင်း ပြောင်းရွှေ့ဖို့ ရှိတယ်လို့ လက်စတာ စီးတီး တောင်ပံ တိုက်စစ်မှူး မာရက်ဇ်က ၀န်ခံ ပြောကြား လိုက်ပါတယ်။
အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူ ဖြစ်ပါတယ်။
ပရီးမီးယား လိဂ်ဟာ ကမ္ဘာ့ အကောင်းဆုံးလိဂ်ဖြစ်လို့ ဆက်ကစား လိုပေမယ့် ကမ္ဘာ့ ထိပ်တန်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ် အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်း ရင်တော့ ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလို့ မာရက်ဇ်က ဆိုပါတယ်။
လက်စတာ အသင်းဟာ ထိပ်တန်းအသင်း မဟုတ် တာကြောင့် ပရီးမီးယားလိဂ် ဖလား ထပ်မံ ရယူနိုင်ဖို့ မလွယ်တော့ဘူး လို့လည်း မာရက်ဇ်က ဆက်ပြော ပါတယ်။
မာရက်ဇ်ဟာ ပရီးမီးယားလိဂ် အဖွင့်မှာ ပင်နယ်တီ ကနေ တဂိုးသွင်း ခဲ့ပေမယ့် ဟားလ်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164365





No comments:
Post a Comment