မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 19, 2015

ဘလတ္တာနှင့် ပလာတီနီ အယူခံ ပယ်ချခံရ




ရာထူးကနေ ရက် ၉၀ တားမြစ် ခံထား ရတာကို အယူခံ ၀င်တဲ့ ကမ္ဘာဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့ ဒုဥက္ကဋ္ဌ ပလာတီနီတို့ရဲ့ အယူခံကို ဖီဖာရဲ့ အယူခံ ကော်မတီက ပယ်ချ လိုက်ပါတယ်။

အောက်တိုဘာက သူတို့ ၂ ဦး ရက် ၉၀ ရာထူးကနေ ဆိုင်းငံ့ခံထားရပြီး ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးနေပါတယ်။

၂ ဦးစလုံးကတော့ တစုံတရာ အမှားအယွင်းမလုပ်ထားဘူးလို့ ငြင်းဆိုထားပါတယ်။

ဖီဖာ အထွေထွေအတွင်းရေးမှူး ဂျရုန်း ဗာခီကလည်း ရာထူးက ဆိုင်းငံ့ခံထားရပေမယ့် နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ တစုံတရာ ပြောဆိုထားတာ မရှိပါဘူး။

အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ခရစ္စမတ်မတိုင်မီ ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်ချမှတ်မဲ့ အဖွဲ့က ကြားနာမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123208

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment