မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 2, 2016

ဝက်ဖို့ဒ် ၁-၂ မန်စီးတီး (ရုပ်သံဟိုက်လိုက်)




မန်ချက်စတာ စီးတီး အသင်း ကတော့ အဝေးကွင်းမှာ ၀က်ဖို့ဒ်ကို တိုက်စစ်မှူး အဂူရိုရဲ့ နောက်ကျ သွင်းဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဝက်ဖို့ဒ် အသင်းက အိမ်ကွင်းမှာ တဖက် ကစားသမား ကိုယ့်ဂိုး ကိုယ်သွင်းယူရာ ကနေ ဦးဆောင်ဂိုး ရရှိခဲ့ ပါတယ်။

မန်စီးတီးအတွက် ချေပဂိုးကိုတော့ ၈၂ မိနစ်မှာ ကွင်းလယ်သမား ရာရာ တိုရေးက သွင်းယူပါတယ်။ ၀က်ဖို့အသင်းက အိမ်ကွင်းမှာ မာမာထန်ထန် ကစားသွားလို့ မန်စီးတီးအသင်း ဂိုးရဖို့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။

မန်စီးတီးအတွက် ဒုတိယ အနိုင်ဂိုးကို ၈၄ မိနစ်မှာ တိုက်စစ်မှူး အဂူရိုက သွင်းယူခဲ့လို့ ၂-၁ ဂိုးနဲ့ အရနိုင်ရရှိသွားပါတယ်။

မန်စီးတီးအတွက်တော့ စက်တင်ဘာ ၁၂ နောက်ပိုင်းမှာ ပထမဆုံးအဖြစ် အဝေးကွင်းမှာ နိုင်ပွဲ ပြန်ရတာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ကွင်းလယ်သမား တိုရေးက ရရှိသွားပါတယ်။

နိုင်ပွဲရတဲ့ မန်စီးတီးက ၃၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာ ရှိနေပြီး ၀က်ဖို့ဒ်ကတော့ ၂၉ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129450


No comments:

Post a Comment