မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 19, 2015

ကိုပါဖလား ရှုံးကြွေးကို ပြန်ဆပ်လိုက်သည့် ဥရုဂွေး (ရုပ်သံ)




တောင်အမေရိက ဇုန် ၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ မှာတော့ ဥရုဂွေး အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ချီလီ အသင်းကို အနိုင် ကစားပြီး ကိုပါ ဖလား ကွားတားဖိုင်နယ် ရှုံးကြွေးကို ပြန်ဆပ် လိုက်ပါတယ်။

ပထမပိုင်း ၂၃ မိနစ်မှာ ဂေါ့ဒင်က အဖွင့်ဂိုး သွင်းယူပြီး ပထမ ပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ခဲ့ပါတယ်။

ဒုတိယပိုင်း ၆၁ မိနစ်နဲ့ ၆၅ မိနစ်မှာ ဥရုဂွေးအသင်းက ၂ ဂိုး ဆက်တိုက်သွင်းယူပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒီပွဲအနိုင်ရတဲ့ အတွက် ဥရုဂွေးက ၄ ပွဲကစား ၃ ပွဲနိုင် ၁ပွဲရှုံး ၉ မှတ်နဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲ အမှတ်ပေးဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ချီလီကတော့ ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ၇ မှတ်နဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၁၆ မတ်လရောက်မှာသာ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေကို ပြန်လည် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123228

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment