မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

ကစားသမားတွေရဲ့ ဒဏ်ရာတွေကြားထဲက ဓားစာခံ မန်ယူ




မန်ယူအသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေမှာ ဒဏ်ရာ ရခဲ့တဲ့ ကစားသမား တွေကြောင့် အခက်ကြုံ နေရတယ်လို့ သိရ ပါတယ်။ မန်ယူ အသင်းရဲ့ အားထားရတဲ့ လူငယ် ကစားသမား Anthony Martial ဟာ မနေ့ညက ကစား ခဲ့တဲ့ ပြင်သစ် အသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ ပွဲစဉ်မှာ အနည်းငယ် ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

သူဟာ ပွဲချိန် ၆၇ မိနစ်မှာတော့ Greizmann နဲ့ လူစားလဲခံခဲ့ ရပါတယ်။ အင်္ဂလန် အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ ပြင်သစ် နည်းပြ Deschamps ကတော့ ဘယ်လောက် အနားယူရမယ် ဆိုတာကို ပြောခဲ့ခြင်း မရှိဘဲ " Martial ဟာ အနည်းငယ် နာကျင် သွားပုံပါပဲ သူရဲ့ ခြေထောက် နားကို ထိတာ နည်းနည်းပြင်းတဲ့ ပုံပဲ " လို့သာ ပြောခဲ့ ပါတယ်။



အဲ့ဒီပွဲမှာတော့ ပြင်သစ်အသင်းဟာ Alli , Rooney တို့ရဲ့ ဂိုးတွေနဲ့ အင်္ဂလန် အသင်းကို အရှုံးပေး ခဲ့ရပါတယ်။ အင်္ဂလန် အသင်းကတော့ သူတို့ရဲ့ ချိုမြိန်တဲ့နိုင်ပွဲကို ရယူနိုင် ခဲ့ပြီး အကောင်းဆုံး ပုံစံကို တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းကတော့ နိုင်ငံတကာပွဲတွေမှာ အဓိက ကစားသမားတွေဖြစ်တဲ့ Martial နဲ့ Carrick တို့ ဒဏ်ရာရခဲ့တာကြောင့် အခက်ကြုံနေရတယ်လို့လည်း သိရပါတယ်။ Carrick ကတော့ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

Carrick ရဲ့ ဒဏ်ရာကတော့ ခန့်မှန်းထားသလောက် မဆိုးဝါးခဲ့ဘဲ ဒီဇင်ဘာလအစမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။



Martial ဒဏ်ရာကတော့ ဘယ်လောက်အနားယူရမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒဏ်ရာရနေတဲ့ မန်ယူရဲ့ ကွင်းလယ်ကစားသမား Fellaini ကတော့ ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပြီး လေ့ကျင့်ခန်းပြန်ဆင်းနေနိုင်ပြီလို့ သိရပါတယ်။

သူကတော့ ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူနည်းပြ Van Gaal ကတော့ ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ခေါင်းခဲလျက်ရှိပြီး Valencia , Martial , Carrick တို့ကတော့ ဒဏ်ရာရစာရင်းကို ထပ်တိုးစေခဲ့တာပါ။

နိုင်ငံတကာပွဲစဉ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို မန်ယူအသင်းကတော့ ခါးစည်းခံနေရပါတယ်။

Ref : Telegraph

Original link - http://sports.thithtoolwin.com/2015/11/blog-post_18.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment