
ဇန်န၀ါရီ ၃ ရက်နေ့က ယှဉ်ပြိုင် ကစား သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အဲဗာတန်နဲ့ တော့တင်ဟမ် ဟော့စပါးစ် အသင်းတို့ တဂိုးစီနဲ့ သရေကျ သွားပါတယ်။
နှစ်သင်း စလုံး လူစုံထုတ် ယှဉ်ပြိုင် သွားပြီး စပါးစ်အသင်းက ဘောလုံး ပိုင်ဆိုင်မှုမှာ အသာစီး ရယူနိုင် ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဦးဆောင်ဂိုး ကိုတော့ အိမ်ရှင် အဲဗာတန်အသင်းက ကစားသမား လီနွန်က ၂၂ မိနစ်မှာ သွင်းယူ ပါတယ်။
ဒီပွဲမှာ အဲဗာတန် အသင်း တိုက်စစ်ကစားပုံဟာ စပါးစ်ဖက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
စပါးစ်အတွက် ချေပဂိုးကိုတော့ ၄၅ မိနစ်မှာ ကွင်းလယ်သမား အယ်လီက သွင်းယူပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ အပြန်အလှန် ထိုးဖောက် ကစားနိုင်ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိလို့ သရေတမှတ်စီ ခွဲယူ လိုက်ရပါတယ်။
ဒီပွဲ သရေကျလို့ စပါးစ်က ၃၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး အဲဗာတန်က ၂၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/129556





No comments:
Post a Comment