မတ် ၁၉ ရက်နေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က အဝေးကွင်းမှာ သက်တောင့် သက်သာပဲ အဲဗာတန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်တွေ အတွင်းမှာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွေမှာ အရှုံးပေး ထားရပါတယ်။
အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပွဲစလို့ ၇ မိနစ်မှာ တိုက်စစ်မှူး ၀ဲလ်ဘက်က သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် အဲဗာတန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိထိရောက်ရောက် ထိုးဖောက် ကန်သွင်းခွင့်တော့ မရပါဘူး။
အာဆင်နယ်အတွက် ဒုတိယဂိုးကို ၄၂ မိနစ်မှာ အိုင်ဝိုဘီက သွင်းယူပါတယ်။ အာဆင်နယ်အတွက်တော့ ပရီးမီးယားလိဂ် ၄ ပွဲမြောက်မှာ ပထမဆုံး နိုင်ပွဲ ပြန်ရတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၅၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၃) ရှိနေပြီး ဇယားထိပ်က လက်စတာရဲ့နောက် (၁၁ ) အကွာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်က (၃၈ ) မှတ်နဲ့ အဆင့် ( ၁၂) နေရာမှာ ရှိနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/140226
No comments:
Post a Comment