မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 16, 2016

ထိုင်း ဘောလုံးသမားတဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး




ထိုင်းနိုင်ငံ ဒုတိယတန်း သောင်ဘူရီ စီတီး ဘောလုံး ကလပ်မှာ ကစားတဲ့ အသက် ၂၅ နှစ် အရွယ် ဘောလုံးသမား အာလောင်ကော့ ကန်ချန်စန်ဟာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး သွားပါတယ်။

ဒီသတင်းပတ် အစောပိုင်းက နေအိမ်မှာ အပစ်ခံရတာ ဖြစ်ပြီး သေနတ်ဒဏ်ရာကို ဆေးရုံမှာ ဆေးကုသခံယူနေစဉ် ဧပြီ ၁၆ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသွားတာလို့ ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။

ဒီသတင်းကို ဘောလုံးအသင်းရဲ့ အင်တာနက် စာမျက်နှာမှာ တင်လိုက်တဲ့ အချိန်မှာတော့ ဘောလုံးပရိသတ်တွေ ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ်။

ဧပြီ ၁၂ရက် ည ၁၁ နာရီခွဲက ဘန်ခဲခရိုင် ဘန်ပိုင်က သူအိမ်ရှေ့မှာ သူငယ်ချင်း ၁၀ ယောက်နဲ့ အာလောင်ကော့ အရက်သောက်နေစဉ် အပစ်ခံခဲ့ရတာလို့ ဘောလုံးသမားရဲ့ ဆွေမျိုးက ရဲတွေကို ပြောပါတယ်။

ပစ်ခတ်မှုမဖြစ်ပွားမီ အိမ်ထဲကို ထိတ်လန့်နေတဲ့ လူ ၂ ဦး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ၀င်လာပြီး အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အနီးက ဘိလက်ခုံမှာ ကစားရင် လူအုပ်စုက ၀ိုင်းရိုက်လို့ ထွက်ပြေးလာတာလို့ ဒီလူ၂ ဦးက ပြောဆိုခဲ့သလို ဒီလူတွေနောက်မှာ မော်တော်ဆိုင်ကယ်နဲ့ လူ ၇ ဦးနောက်လိုက်လာခဲ့ပါတယ်။

လိုက်လာတဲ့လူတွေက အာလောင်ကော့တို့ လူအုပ်စုကိုတွေ့သွားပြီး ပြန်လည့်သွားသလို လူ ၂ ဦးကလည်း နောက်ပိုင်းပြန်သွားတယ်လို့ ဆိုပါတယ်။

ဒီနောက် မိနစ် ၃၀ အကြာမှာတော့ တိုယိုတာကားတစီးက အိမ်ရှေ့ကိုရောက်လာကာ နောက်ခန်းက မှန်ချပြီး အရက်သောက်နေတဲ့ အာလောင်ကော့နဲ့ သူငယ်ချင်းတွေကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။

အာလောင်ကော့နဲ့ တခြားသူငယ်ချင်းတွေလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီနောက် အာလောင်ကော့ကို အနီးက ဆေးရုံကို ပို့ခဲ့ပေမယ့် အခြေအနေမကောင်းလို့ Somdej Phra Pinklao ဆေးရုံကို ပြောင်းပြီးပို့ဆောင်ခဲ့ကုသခဲ့ပေမယ့် မသက်သာလာဘဲ ကွယ်လွန်သွားတာဖြစ်ပါတယ်။

သေနတ်ပစ်ခတ်သွားတဲ့ အပေါင်းအပါတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/145314

No comments:

Post a Comment