မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 9, 2016

ပြင်သစ်မှာ ယူရို ၂၀၁၆ ဘောလုံးပွဲ သွားကြည့်နိုင်မည့် ကံစမ်းမဲ ပြုလုပ်




ဧပြီ ၉၊ ရန်ကုန်

ဒိန်းမတ် ဘီယာ ကုမ္ပဏီ ကားလ်ဘတ် (Carlsberg) မှ မြန်မာနိုင်ငံမှ ဘောလုံး ပရိသတ်များ ပြင်သစ် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ယူရို၂၀၁၆ ဘောလုံး ပြိုင်ပွဲကို သွားရောက် ကြည့်ရှုနိုင်မည့် ကံစမ်းမဲ အစီအစဉ် တစ်ခုကို ပြုလုပ် ခဲ့သည်။

ယင်းကံစမ်းမဲ အစီအစဉ် အရ ကံထူးသူမှာ လိုင်ယွန်မြို့တွင် ကျင်းပမည့် ယူရို၂၀၁၆ ဆီမီးဖိုင်နယ် ပွဲစဉ်များကို အဖော် တစ်ဦးနှင့် ကြည့်ခွင့် ရမည်ဖြစ်ပြီး အထူး အခွင့်အရေး အနေဖြင့် ပွဲစဉ် အလိုက် အကောင်းဆုံး ကစားသမား အဖြစ် အရွေးခံရမည့် ကစားသမားကို ‘Carlsberg Man of the Match’ ဆုအား ကိုယ်တိုင် ချီးမြင့်ခွင့် ရမည် ဖြစ်သည်။

အစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာကားလ်ဘတ်၏ ဈေးကွက်ဒါရိုက်တာ ဘီစတာက “Carlsberg ဘီယာ ဝယ်တိုင်း ကံစမ်းမဲ ကူပွန်တစ်ခု ရမှာဖြစ်ပါတယ်။

ကံစမ်းမဲပေါက်သွားတဲ့သူကို ခရီးစဉ်အတွက် ပြင်ဆင်ဖို့အချိန်ရအောင် မေလ ၁၅ရက်နေ့ကိုတော့ ပရိုမိုရှင်းနောက်ဆုံးရက် အဖြစ် သတ်မှတ် ထားပါတယ်။

ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီဆုက အကောင်းဆုံးဆုတစ်ခုတောင် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံစမ်းမဲပေါက်တဲ့သူက ကိုယ့် သူငယ်ချင်း နဲ့အတူ ပြင်သစ်ကို စရိတ်ငြိမ်း သွားခွင့် ရမှာ ဖြစ်ပြီး Lyon မှာ ပြုလုပ် ကျင်းပမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ကြည့်ရှူခွင့်ရမယ့် အပြင် Carlsberg ရဲ့ Man of the Match ဆုဖလားကြီးကို ပွဲမှာ အကောင်းဆုံးကစားသွားနိုင်ခဲ့တဲ့ ကစားသမားကို ကိုယ်တိုင် ဆုချီးမြှင့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Carlsberg က စီစဉ်ထားပေးတဲ့ သီးသန့် ခရီးစဉ်လေးကိုလည်း ပျော်ရွှင်ဖွယ် သွားရောက်လို့ရမှာ ဖြစ်ပါတယ်။’ ဟု ပြောသည်။

Carlsberg သည် ယူရို၂၀၁၆ ပြိုင်ပွဲ၏ တရားဝင်စပွန်ဆာဖြစ်ပြီး UEFA European Championship နှင့် ၁၉၈၈ ခုနှစ်ကတည်းက လက်တွဲခဲ့ခြင်းဖြစ်သည်။

ယူရို၂၀၁၆ပြိုင်ပွဲမှာ ယခင်ပုံစံများနှင့်မတူပဲ ယခုနှစ်တွင် အသင်းအရေအတွက် တိုးမြှင့်ထားကာ ၂၄သင်းဝင်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ်ပေါင်း ၅၁ပွဲ ကစားမည်ဖြစ်သည်။

မဇ္ဈိမသတင်း by ရဲရင့်ဋ္ဌေး

Originally published at - http://mizzimaburmese.com/article/13294


No comments:

Post a Comment