
ဧပြီ ၂၉၊ လန်ဒန်
ဒေါ့မွန် ကစား သမား အမ်ခီတာ ရန်ကို အာဆင်နယ် နည်းပြ အာစင်ဝင်းဂါး ကလည်း အလို ရှိနေပြီ ဖြစ်သည်။ တိုက်စစ်အားသန် ကွင်းလယ်ကစား သမား အမ်ခီတာရန်သည် လန်ဒန်သို့ ပြောင်းချင်သည်ဟု ပြောထားပြီး လန်ဒန်မြို့ခံ နှစ်သင်းဖြစ်သည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ အပြိုင် အဆိုင် ကြိုးပမ်း ရဖွယ် ရှိနေသည်။
ဒေါ့မွန်အသင်းသည် အသက် ၂၇ နှစ်အရွယ်ကစားသမားကို ယခုနှစ်နွေရာသီတွင်ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေပြီး ပရီးမီးယားလိဂ်ကလပ် များက စုံစမ်းနေကြသည်ဟုလည်း ဂျာမန်မီဒီယာများက ဖော်ပြနေကြသည်။
လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရသည့် ချယ်လ်ဆီးအသင်းသည် ဒေါ့မွန်နှင့်စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည့် အမ်ခီ တာရန်ကိုခေါ်နိုင်ရန် လွန်ခဲ့သောတစ်ပတ်က စုံစမ်းခဲ့သည်။
အာမေးနီးယားလက်ရွေးစင်သည် လွန်ခဲ့သောသုံးနှစ်က လီဗာပူးလ်သို့ပြောင်းရန်နီးစပ်ခဲ့ပြီးမှ ချန်ပီယံလိဂ်ကစားခွင့်ရမည့် ဒေါ့မွန်အသင်းသို့ ပေါင် ၂၅ သန်းဖြင့်ပြောင်းရွှေ့ခဲ့သည်။
အမ်ခီတာရန်သည် အင်္ဂလန်သို့ပြောင်းရန်ဆန္ဒရှိနေဆဲဖြစ်ရာ အာဆင်နယ်အသင်းသည် လာမည့်ရာသီအတွက်ပြင်ဆင်သည့်အနေဖြင့် ခေါ်ယူ ချင်နေခြင်းဖြစ်သည်။
Ref; Mirror
မဇ္ဈိမသတင်း by - ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/13649

No comments:
Post a Comment