
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် လီဗာပူး ကစားသမား ဆာခိုဟာ ဆေးကျတဲ့ အတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ရက် ၃၀ ပွဲပယ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။
မတ် ၁၇ ရက်နေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့အပြီး ဆေးစစ်ရာမှာ အဆီချဆေး သုံးတဲ့အတွက် ဆေးကျခဲ့ပါတယ်။
ဆာခိုကတော့ ဆေးကျတဲ့အပေါ် တစုံတရာ ကန့်ကွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ရက် ၃၀ ပွဲပယ်ပြစ်ဒဏ်က ယာယီဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ချမှတ်မှာ ဖြစ်ပါတယ်။
စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ကြားနာစစ်ဆေးမယ့် ရက်ကိုတော့ နောက်ပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေရဲ့ ကြားနာစစ်ဆေးမှု မပြီးမချင်း ကစားနိုင်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဆာခိုနဲ့ လီဗာပူးအသင်းတို့အကြား သဘောတူညီထားပြီး ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147351

No comments:
Post a Comment