မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 29, 2016

ရှက်တာဒိုးနပ်စ် ၂- ၂ ဆီဗီလား (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမ အကျော့ အဖြစ် ယူကရိန်း ကလပ် ရှက်တာ ဒိုးနပ်စ်နဲ့ စပိန် လာလီဂါ ကလပ် ဆီဗီလားတို့ ဧပြီ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျ သွားပါတယ်။

ယူကရိန်းမှာကစားတဲ့ ပထမအကျော့ပွဲစဉ်မှာ ဆီဗီလာတို့ ပထမပိုင်း ၆ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပေမယ့် ရှက်တာဒိုးနပ်စ်က ၂၃ မိနစ်နဲ့ ၃၅ မိနစ်မှာ ၂ ဂိုးသွင်းကာ ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ၈၂ မိနစ်မှာတော့ ၂ နှစ်ဆက် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလားက ပင်နယ်တီကနေ တဆင့် ဒုတိယဂိုး သွင်းယူခဲ့လို့ ၂ ဂိုးစီ သရေကျသွားပါတယ်။

ဒီပွဲမှာ ၂ ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့် သူမသာ ကိုယ်မသာ ဖြစ်ခဲ့ပါတယ်။

အဝေးကွင်းမှာ ၂ ဂိုးရယူနိုင်တဲ့ သရေကျရလဒ်ကြောင့် ဆီဗီလားအသင်းက ၃ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147334

No comments:

Post a Comment