
စပိန် လာလီဂါကလပ် ဆီဗီလာ အသင်း တိုက်စစ်မှူး ကီဗင် ဂါမီရိုကို အက်သလက် တီကို မက်ဒရစ်က ခေါ်ယူ လိုက်ပါတယ်။
ပြင်သစ် တိုက်စစ်မှူး ဂါမီရိုရဲ့ ပြောင်းရွှေ့ ကြေးကို မဖော်ပြ ပေမယ့် သတင်းတွေ မှာတာ့ ပေါင် ၂၈ သန်း ၀န်းကျင် ပေးရ တယ်ဆိုပြီး ခန့်မှန်း ထားပါတယ်။ အက်သလက် တီကိုက တိုက်စစ်မှူး ဂါမီရိုကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူ လိုက်တာပါ။
ပြင်သစ် တိုက်စစ် မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဆီဗီလာ အသင်း အတွက် ၂၉ ဂိုး သွင်းယူ ထားပေမယ့် ယူရိုပြိုင်ပွဲမှာတော့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
သူဟာ ဆီဗီလာ အသင်းကို ၂၀၁၃ မှာ ရောက်ရှိ လာပြီး အသင်းကို ယူရိုပါလိဂ် ဖလား ၃ နှစ် ဆက်တိုက် ရအောင် ကူညီ ထားပါတယ်။
တိုက်စစ်မှူး ဂါမီရိုရဲ့ အသင်းသစ် အက်သလက်တီကို မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ စပိန် အမှတ်ပေး လိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နိုင် ခဲ့ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/161632

No comments:
Post a Comment