
စက်တင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု ဒီ ပွဲစဉ်မှာ အက်သလက် တီကို မက်ဒရစ်က နာမည်ကြီး ဘိုင်ယန် မြူးနစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
တီကို အတွက် တလုံး တည်းသော အနိုင်ဂိုးကို ၃၅ မိနစ်မှာ ကာရက်ကိုက သွင်းယူ ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက်တော့ ဒီရာသီမှာ ပထမဆုံး ရှုံးပွဲတွေ့သွားတာပါ။
၈၄ မိနစ်မှာ တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်း ပင်နယ်တီကန်သွင်းတာ မ၀င်လို့ တဂိုးတည်းနဲ့ အနိုင်ရတာ ဖြစ်ပါတယ်။
ဘိုင်ယန်က အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် တိုက်စစ်မှူးတွေဖြစ်တဲ့ လီဝန်ဒေါ့စကီးနဲ့ ရီဘာရီတို့ အခွင့်အရေးတွေ အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲသွားတာပါ။
အုပ်စု ဒီ အခြားပွဲစဉ်မှာတော့ ရုရှားကလပ် အက်ဖ်စီရော့စ်တော့ဗ်နဲ့ နယ်သာလန်ကလပ် ပီအက်စ်ဗွီတို့ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။
အုပ်စု ဒီက ၂ ပွဲစီ ကစားပြီးချိန်မှာ အက်သလက်တီကိုမက်ဒရစ်က ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမ၊ ဘိုင်ယန်မြူးနစ်က ရမှတ် ၃ မှတ်နဲ့ အုပ်စု ဒုတိယ၊ ပီအက်စ်ဗွီက အုပ်စု တတိယနဲ့ အက်ဖ်စီရော့စ်တော့ဗ်က အုပ်စု စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/170199

No comments:
Post a Comment