
ချယ်ဆီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ မန်ယူ အသင်းနောက်ခံလူ ဘေလီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ ပါတယ်။
ဒဏ်ရာဟာ ဆိုးရွားတဲ့ အနေအထား ဖြစ်ပြီး စိုးရိမ် ရတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက အတည်ပြု ပြောဆိုပါတယ်။
ဘေလီဟာ ၁ လလောက် အနားယူရဖို့ ရှိနေပြီး မန်ယူအသင်းအတွက်တော့ ဒါဟာ ထိုးနှက်ချက်တခု ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင် ဘေလီဟာ ပြီးခဲ့တဲ့ ဇွန်လက စပိန်ကလပ် ဗီလာရီးရဲလ်အသင်းကနေ ပေါင် သန်း ၃၀ နဲ့ မန်ယူကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းနည်းပြ မော်ရင်ဟိုရဲ့ ပွဲထွက် ဦးစားပေး ကစားသမားတဦး ဖြစ်ပါတယ်။
မန်ယူအသင်းမှာ လက်ရှိဒဏ်ရာရသူစာရင်းက ၅ ယောက်ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/173376

No comments:
Post a Comment