
ဘာစီလိုနာ အသင်း ကွင်းလယ် သမား အင်နစ္စတာဟာ ဒဏ်ရာကြောင့် ဒီညမှာ အီဘာနဲ့ ကစားမယ့် စပိန် လာလီဂါ ပွဲစဉ်ကို လွဲချော် တော့မှာ ဖြစ်ပါတယ်။
ဘာကာ နည်းပြ လူးဝစ် ဟင်နရီကေး ကတော့ အသင်း ခေါင်းဆောင် အင်နစ္စတာဟာ အသင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ သူ ဖြစ်တယ်လို့ ပြောပါတယ်။
ကွင်းလယ်သမားဟာ ကြာသာပတေးနေ့က ရီရဲလ် ဆိုစီဒက်ကို အနိုင်ရတဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်မှာ ဒဏ်ရာ ရခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ် စပိန် လက်ရွေးစင်ဟာ ဘာကာ ကွင်းလယ်မှာ အားထားရတဲ့သူ ဖြစ်ပေမယ့် ဒီနှစ်ရာသီမှာ ဒဏ်ရာကြောင့် ၆ ပွဲပဲ ကစားခွင့် ရထားပါတယ်။
ဒါကြောင့် ဘာကာ အသင်းဟာလည်း ရလဒ်တွေ ကောင်းဖို့ ရုန်းကန်နေရပါတယ်။
အီဘာနဲ့ ကစားမယ့် ပွဲစဉ်မှာ ကွင်းလယ်သမား နောက်တယောက်ဖြစ်တဲ့ ရာဖင်ဟာလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နောက်တန်းသမား မာရှေယာနိုလည်း ပွဲပယ် ခံထားရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/185397

No comments:
Post a Comment