
တူရကီ ကလပ် ဖီနာဘာချီ အသင်းက လီဗာပူး နောက်တန်းလူ စကာတယ်ကို ခေါ်ယူဖို့ ညှိနှိုင်း နေကြောင်း အတည်ပြု လိုက်ပါတယ်။
လီဗာပူး နည်းပြ ဂျာဂင် ကလော့က ပြီးခဲ့တဲ့ နွေရာသီမှာ နောက်တန်း ကစားသမား တဦးဖြစ်တဲ့ မာတစ်ကို ခေါ်ယူ ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အသက် ၃၁ နှစ် အရွယ် စကာတယ်ဟာ ပွဲထွက် ကစားခွင့် ၂၁ ပွဲပဲ ကစားခွင့်ရတဲ့ အတွက် လီဗာပူးကို ကျောခိုင်းဖို့ ဖြစ်လာတာပါ။
ဆလို ဗက်ကီးယား လက်ရွေးစင် အသင်းခေါင်းဆောင် စကာတယ်ဟာ ၂၀၀၈ မှာ ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစ်ဘတ်ကနေ လီဗာပူးကို ရောက် ရှိလာတာပါ။
သူ ပြောင်းရွှေ့ဖို့ လုပ်နေတဲ့ ဖီနာဘာချီ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက တူရကီ အမှတ်ပေး လိဂ်မှာ ဒုတိယနေရာ ရထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158263





No comments:
Post a Comment