
ဇန်န၀ါရီ ၂၈ ရက်နေ့ ညက အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ် တွေမှာပဲ မန်စီးတီးနဲ့ စပါး အသင်းတို့ နိုင်ပွဲ ကိုယ်စီ ရသွား ပါတယ်။
မန်စီးတီးက အဝေး ကွင်းမှာ ခရစ္စတယ် ပဲလေ့စ် အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရ ခဲ့တာပါ။
အနိုင်ဂိုးတွေကို စတာလင်၊ ဆာနီနဲ့ တိုရေးတို့က အသီးသီး သွင်းယူပါတယ်။ တိုက်စစ်မှူး ဆာနီဟာ မန်စီးတီးအတွက် ၃ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။
မန်စီးတီးက ဒီပွဲမှာ အရန်ကစားသမားတွေနဲ့ အဓိက ကစားသမားတွေကို တွဲဖက် အသုံးပြုသွားပါတယ်။
စပါးအသင်းကတော့ အိမ်ကွင်းမှာ ဒုတိယတန်းကလပ် ၀ိုင်ကွမ်ဘီကို နောက်ကနေ လိုက်ကစားပြီးမှ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဝိုင်ကွမ်ဘီအသင်းက ပထမပိုင်းမှာတင် ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ နောက်ပိုင်းကျမှ အဓိက ကစားသမားတချို့ကို လူစားလဲပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
အနိုင်ဂိုးတွေကို ဆွန်ဟိုင်မင်း၊ ဂျန်ဆန်နဲ့ အလီတို့ကို သွင်းယူပြီး အက်ဖ်အေဖလား ပဥမအဆင့်ကို တက်ရောက်သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186504

No comments:
Post a Comment