
ဇန်န၀ါရီ ၂၈ ရက်နေ့ ညက အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ် တွေမှာ နာမည်ကြီး အသင်းတွေ ထဲက အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ဂိုးပြတ်တွေနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ်က အဝေး ကွင်းမှာ ဆောက်သမ်ပတန် အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ တိုက်စစ်မှူး ၀ဲကော့က ဟက်ထရစ်ဂိုး ရယူနိုင် သလို ၀ဲဘက် ကတော့ ၂ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
ဒဏ်ရာကနေ ကာလကြာရှည် အနားယူရာကနေ ပြန်လာတဲ့ တိုက်စစ်မှူး ၀ဲဘက် ဒီပွဲမှာ ခြေစွမ်းပြ ကစားသွားပါတယ်။
ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ချန်ပီယံရှစ်တန်းက ဘရန်းဖို့အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီးက ဒီပွဲမှာ ကစားသမား ၉ ယောက်အထိ အပြောင်းအလဲ လုပ်ထားပြီး အနိုင်ဂိုးတွေကို ၀ီလျံ၊ ပက်ဒရို၊ အီဗန်နိုဗစ်တို့က သွင်းယူပါတယ်။
ချဲလ်ဆီးကပဲ တဖက်သတ် စိတ်ကြိုက် ကစားပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186501

No comments:
Post a Comment