
မနေ့ ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့်မှာ နာမည်ကြီး လီဗာပူး အသင်းကို ၀ု့စ်ဘက် အသင်းက အနိုင်ရ သွားပါတယ်။
ချန်ပီယံရှစ် တန်းက ၀ု့စ်ဘက် အသင်းက လီဗာပူးကို ဦးဆောင် ဂိုးတွေ သွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားတာပါ။
ဝု့စ်ဘက် အတွက် ဦးဆောင် ဂိုးကို ပွဲအစ ၁ မိနစ်မှာ စတီယာမန်းက သွင်းယူ ပါတယ်။
လီဗာပူးဟာ အိမ်ကွင်းမှာ တဖက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင့် ခွင့်တွေလည်း ပိုရ ခဲ့ပါတယ်။
ဝု့စ်ဘက်အတွက် ဒုတိယဂိုးကို ၄၁ မိနစ်မှာ ဝေမန်းက သွင်းယူပါတယ်။
လီဗာပူးဟာ ဒီပွဲမှာလည်း အရန်အများစုနဲ့ ပွဲထွက်လာတာပါ။ လီဗာပူးအတွက် တလုံးတည်းသော ချေပဂိုးကို ၈၆ မိနစ်မှာ အိုရီဂီက သွင်းယူပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် ရှုံးတာ ဖြစ်ပါတယ်။ ၀ု့စ်ဘက်ကတော့ ဒီပွဲနိုင်ပြီး အက်ဖ်အေဖလား ပဥမအဆင့်ကို တက်လှမ်းသွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186498





No comments:
Post a Comment