မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 28, 2017

အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ဗိုလ်လုပွဲ မြန်မာနှင့် ထိုင်း ယနေ့ညနေ ယှဉ်ပြိုင်မည်




ထိုင်းနိုင်ငံမှာ ကျင်းပ နေတဲ့ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲကို မြန်မာနဲ့ ထိုင်း အသင်းတို့ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပြီး ဒီပွဲစဉ်ကို မြန်မာ့အသံ တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမှာပါ။

မြန်မာ အသင်းဟာ အကြို ဗိုလ်လုပွဲမှာ အရှေ့တီမော အသင်းနဲ့ ကစားခဲ့ တာဖြစ်ပြီး ပွဲစဉ် တလျှောက်လုံး အသားစီးနဲ့ ကစားပြီး ၈ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ ခဲ့တာပါ။

အိမ်ရှင် ထိုင်းအသင်းက မလေးရှားနဲ့ တွေ့ဆုံခဲ့ပြီး နောက်ကျဂိုးတွေနဲ့အတူ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။

မြန်မာဖူဆယ် အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ခဲ့တာဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မူ အနေနဲ့ စတင် ဝင်ပြိုင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ပြိုင်ပွဲမှာ တတိယပဲ ရခဲ့ ဖူးတာဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ အုပ်စုပွဲစဉ်တွေမှာလည်း လာအိုကို ၆ ဂိုး ၁ ဂိုး၊ အင်ဒိုနီးရှားကို ၆ ဂိုး ၃ ဂိုး၊ မလေးရှားကို ၅ ဂိုး ၃ ဂိုး ရလဒ်တွေနဲ့ ပွဲတိုင်း အနိုင်ရခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186517

No comments:

Post a Comment