
အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ် အဖြစ် မန်ယူနဲ့ ဝီဂန်တို့ ဇန်နဝါရီ ၂၉ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲ မစတင် ခင်မှာ မန်ယူ အသင်း အတွက် ဂိုး ၂၅၀ သွင်းပြီး စံချိန်သစ် တင်ခဲ့တဲ့ တိုက်စစ်မှူး ဝိန်းရွန်နီကို အရင် စံချိန်ရှင်ဟောင်း ဆြာဘော်ဘီ ချာတန်က ရွှေဖိနပ်ဆု ချီးမြှင့် ခဲ့ပါတယ်။
မန်ယူဟာ ဒီပွဲမှာ တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ခ်ျကို အရန်ခုံမှာ ထိုင်ခိုင်း ခဲ့သလို ပေါ့ဂ်ဘာ ကိုလည်း အနားပေး ခဲ့ပြီး အသင်းခေါင်းဆောင် ရွန်နီ၊ မာရှယ်၊ မာတာ၊ အမ်ခီတာရန်း၊ ရှဝိန်းစတိုင်ဂါ၊ ဖယ်လိုင်နီ၊ စကောလင်း စသူတွေနဲ့ ပွဲထွက် လာခဲ့ ပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင် ရတဲ့ ဒီပွဲမှာ မန်ယူဟာ ဂိုးကန် သွင်းခွင့်ရော ဘောလုံး ပိုင်ဆိုင်မှု မှာပါ အသာစီး ရခဲ့ပါတယ်။
မန်ယူ အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၄ မိနစ်မှာ ဖယ်လိုင်နီ၊ ၅၇ မိနစ်မှာ စမောလင်း၊ ၇၄ မိနစ်မှာ အမ်ခီတာရန်းနဲ့ ၈၁ မိနစ်မှာ ရှဝိန်းစတိုင်ဂါ တို့က သွင်းယူပေး ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186680

No comments:
Post a Comment