
ကွင်းလယ် ကစား သမား ရှဝိန်း စတိုင်ဂါ အနေနဲ့ မန်ယူ အသင်းမှာပဲ ဆက်နေ သွားမယ်လို့ နည်းပြ မော်ရင်ဟိုက ပြောဆို လိုက်ပါတယ်။
အသက် ၃၂ နှစ် အရွယ် ဂျာမန် ကွင်းလယ် ကစား သမားဟာ ဝီဂန်ကို အနိုင်ရတဲ့ ပွဲမှာ ၁ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
ဒီဂိုးဟာ မန်ယူ အတွက် ၂၀၁၆ ဇန်နဝါရီ နောက်ပိုင်းမှာ ပထမဆုံး သွင်းယူနိုင်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
နည်းပြ မော်ရင်ဟိုက ဂျာမန် ကွင်းလယ် လူကို အသက် ၂၃ နှစ်အောက် လူငယ်အသင်းနဲ့ လေ့ကျင့်စေ ခဲ့ပြီး အသင်းကြီး လူစာရင်း ကနေ ချန်ထား ခဲ့တာပါ။
ဒါပေမယ့်လည်း နည်းပြက ရှဝိန်း စတိုင်ဂါကို မန်ယူ အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းထဲ ထည့်သွင်း ထားတယ်လို့ ပြောဆို သွားပါတယ်။
မန်ယူဟာ ယူရိုပါလိဂ်ရှုံးထွက် ပထမအကျော့ ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် စိန့်အီသီရန်နဲ့ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186801
No comments:
Post a Comment