ဇန်န၀ါရီ ၃၁၊ အင်္ဂလန်
အင်္ဂါနံနက် အစောပိုင်းက အက်ဖ်အေ ဖလားပဉ္စမ အဆင့် မဲခွဲပွဲကို အင်္ဂလန် နိုင်ငံတွင် ကျင်းပခဲ့ရာ လက်ရှိ ချန်ပီယံ မန်ယူ အသင်းသည် ချန်ပီယံရှစ် ကလပ် ဘလက်ဘန်း အသင်းနှင့် တွေ့ဆုံနေပြီး အဝေးကွင်းတွင် သွားရောက် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
မဲခွဲမှုအရ ပရီးမီးယားလိဂ်မှ အသင်းကြီးများ အားလုံးမှာ အချင်းချင်း ထိပ်တိုက် တွေ့ဆုံမှုကို ရှောင်လွှဲနိုင် ခဲ့ကြသည်။
အားလုံးထဲတွင် အာဆင်နယ် အသင်းမှာ အပျော်တမ်း ကလပ် ဆတ်တန် အသင်းနှင့် တွေ့ဆုံခဲ့ပြီး ပွဲအချောင်ဆုံး ဖြစ်ခဲ့သည်။
အခြားပွဲစဉ်များ ပွဲတွင် ဂွါဒီယိုလာ၏ မန်စီးတီး အသင်းမှာ အဝေးကွင်း တွင်ပင် ချန်ပီယံရှစ် ကလပ် ဟက်ဒါစ်ဖီးလ်နှင့် ကစားရမည် ဖြစ်ပြီး စပါး အသင်းမှာ ချန်ပီယံရှစ်မှ ဖူလ်ဟမ်နှင့် တွေ့ဆုံနေသည်။
ချယ်လ်ဆီး အသင်းမှာမူ စတုတ္ထ အဆင့်တွင် လီဗာပူးလ်ကို အနိုင်ယူ ခဲ့သည့် ၀ုဗ်နှင့် ကစား ရမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်များကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၂၀) ရက်နေ့အတွင်း ကစားမည်ဖြစ်ပြီး သရေကျ ခဲ့ပါက ပြန်ကန်ပွဲများ ကစားရမည် ဖြစ်သည်။
အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်များ
ဘန်လေ - လင်ကွန်းစီးတီး ဖူလ်ဟမ် - စပါး ဘလက်ဘန်း - မန်ယူ ဆတ်တန် - အာဆင်နယ် မစ်ဒယ်ဘရော့ - အောက်စ်ဖို့ဒ် ယုဗ် - ချယ်လ်ဆီး ဟက်ဒါစ်ဖီးလ် - မန်စီးတီး မီလ်ဝေါ - ဒါဘီ/လက်စတာ
ရည်ညွှန်း ဘီဘီစီ
From : Myanmar Now by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com
No comments:
Post a Comment