
ဇန်နဝါရီ ၂၂ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ သြစတြေးလျ အိုးပန်း တင်းနစ် ပြိုင်ပွဲ အမျိုးသား တဦးချင်း စတုတ္ထ အဆင့်မှာ ကမ္ဘာ့ နံပါတ် ၁ အင်ဒီ မာရေး ရှုံးပြီး ပြိုင်ပွဲ ကနေ စောစော စီးစီး ထွက်သွား ရပါတယ်။
ဗြိတိန်သား အင်ဒီမာရေးဟာ ဂျာမနီက ကမ္ဘာ့ အဆင့် ၅၀ ဖြစ်တဲ့ ဇာဘရက်ကို အရှုံးပေး လိုက်ရတာပါ။
ဒီပွဲမှာ မာရေးဟာ စပေးဘောကို ၈ ကြိမ်အထိ အမှား အယွင်း ရှိခဲ့ပြီး ၁ ပွဲနိုင် ၃ ပွဲရှုံးနဲ့ ပြိုင်ပွဲကို နှုတ်ဆက် လိုက်ရတာပါ။
မာရေးဟာ ၂၀၀၉ နောက်ပိုင်း သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံ သားတွေထဲ ပြိုင်ပွဲကနေ အစောဆုံး ထွက်ရတဲ့ သူအဖြစ်လည်း မှတ်တမ်းဝင် သွားပါတယ်။
ဂျာမနီနိုင်ငံသား ဇာဘရက်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရော်ဂျာ ဖက်ဒရာ ဒါမှမဟုတ် ဂျပန်နိုင်ငံသား နီရှီကိုရှီနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲအပြီးမှာ မာရေးကတော့ အခုနိုင်ပွဲဟာ ဇာဘရက်နဲ့ ထိုက်တန်တယ်လို့ ပြောဆိုသွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/185569





No comments:
Post a Comment