
ပရီးမီးယားလိဂ် ကလပ် ဟားစီးတီး အသင်းက လီဗာပူး တိုက်စစ်မှူး မာကိုဗစ်ကို အငှား စာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။
စာချုပ်ကြောင့် တိုက်စစ်မှူး မာကိုဗစ်ဟာ ဟားစီးတီးမှာ ဒီနှစ်ရာသီ အကုန် အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို လီဗာပူးက ပေါင်သန်း ၂၀ နဲ့ ၂၀၁၄ မှာ ခေါ်ယူထားတာပါ။
အဲဒီနောက် ၂၀၁၅ မှာ တူရကီကလပ် ဖီနာဘာချီအသင်းကို အငှားချထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီထဲမှာတော့ စပို့တင်းလစ္စဘွန်းကို အငှားချထားခံရပြီး ၁၄ ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။
သူဟာ ဆားဘီးယား လက်ရွေးစင်အသင်းအတွက် ၂၂ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/185658





No comments:
Post a Comment