
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ရှုံးထွက် အဆင့် ပွဲစဉ်မှာ လိဂ်တန်းက မဟုတ်တဲ့ လင်ကွန်း အသင်းက ပရီးမီးယားလိဂ်က ဘန်လေကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
လင်ကွန်း အသင်းက နှစ်ပေါင်း ၁၀၃ နှစ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်တာ ဖြစ်ပါတယ်။
ဘန်လေဟာ အိမ်ကွင်း မာတဲ့ အသင်းပီပီ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရခဲ့ပါတယ်။
အိမ်ကွင်းမှာ ကစားတဲ့ ၂၉ ပွဲမှာ ဘန်လေးအသင်းဟာ ၃ ပွဲပဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန် သွားရပါတယ်။
လင်ကွန်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၈၉ မိနစ်မှာ ရက်ဂက်က သွင်းယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/190313

No comments:
Post a Comment