
ဖေဖော်ဝါရီ ၁၉ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ရှုံးထွက် အဆင့် ပွဲစဉ်မှာ မန်ယူက ဘလက်ဘန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ဘလက်ဘန်း ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲရဲ့ ဦးဆောင် ဂိုးကို ချန်ပီယံရှစ် တန်းက ဘလက်ဘန်း အသင်းမှ ဂရေဟမ်က ၁၇ မိနစ်မှာ သွင်းယူပါတယ်။
မန်ယူက ဒီပွဲမှာ အရန် ကစားသမား အများစုနဲ့ ပွဲထွက် လာပြီး နောက်ပိုင်းမှာ အဓိက ကစားသမား တချို့နဲ့ လူစားလဲ ခဲ့ပါတယ်။
မန်ယူအတွက် ချေပဂိုးကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ၂၇ မိနစ်မှာ ပြန်လည် သွင်းယူပါတယ်။
နောက်ပိုင်း မိနစ်တွေမှာ မန်ယူက ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ပြီး အနိုင်ဂိုးကို လူစား ဝင်လာတဲ့ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်က ၇၅ မိနစ်မှာ သွင်းယူ ပါတယ်။
တိုက်စစ်မှူး မိုဗစ် အတွက်တော့ ဒီနှစ်ရာသီမှာ ၂၄ ဂိုးမြောက် သွင်းတဲ့ ဂိုးလည်း ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ မန်ယူဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/190438





No comments:
Post a Comment