မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 20, 2017

တိုက်စစ်မှူး ဟယ်ရီကိန်း၏ ဟက်ထရစ်ဖြင့် စပါးစ်က ဖူလ်ဟမ်ကို နိုင် (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၁၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ် အသင်းက ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။

စပါးစ်အတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပြီး ဟက်ထရစ် ရသွား ပါတယ်။

ဒီပွဲမှာ စပါးစ် ကစားသမား အပြောင်းအလဲလုပ် ယှဉ်ပြိုင်သွားပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေမှာ စပါးစ်ကပဲ အသာရခဲ့ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကပဲ ရရှိသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ဒီနှစ်ထဲမှာ ကစားတဲ့ ၉ ပွဲမှာ ၉ ဂိုး သွင်းယူနိုင်တာ ဖြစ်ပါတယ်။

ဒီပွဲနိုင်တဲ့ စပါးစ်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ပထမတန်းကလပ် မီဝေါလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190441

No comments:

Post a Comment