
လာမယ့် နွေရာသီမှာ မန်ယူ အသင်းက နည်းပြ မော်ရင်ဟိုကို နောက်ထပ် စာချုပ် သက်တမ်း ၅ နှစ်နဲ့ ကမ်းလှမ်း လိမ့်မယ်လို့ ဗြိတိသျှ မီဒီယာဖြစ်တဲ့ သည်ဆန်း သတင်းမှာ ရေးသား ထားပါတယ်။
နည်းပြ မော်ရင်ဟိုရဲ့ လက်ရှိ စာချုပ် ၃ နှစ် သက်တမ်းဟာ လာမယ့် နွေရာသီမှာ သက်တမ်း ၁ နှစ်ကုန်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ယူ အသင်း ပိုင်ရှင်နဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ်တို့ တွေ့ဆုံ အပြီးမှာ စာချုပ် သက်တမ်း ထပ်တိုးဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သတင်းမှာ ခန့်မှန်း ထားပါတယ်။
နည်းပြ မော်ရင်ဟိုဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ပေါင်သန်း ၁၀၀ ပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့လည်း ဆိုထားပါတယ်။
အသက် ၅၃ နှစ်အရွယ် မန်ယူနည်းပြဟာ ပေါ့ဂ်ဘာ၊ မစ်ခီတာရန်းတို့လို ကစားသမားသစ်တွေ ဝယ်ယူဖို့အတွက် ပေါင်သန်း ၁၅၀ အသုံးပြုထားပါတယ်။
မော်ရင်ဟိုဟာ လာမယ့်ဘောလုံရာသီမှာ ကစားသမားသစ်ဝယ်ဖို့ ပေါင်သန်း ၂၀၀ အထိ အသုံးပြုလိမ့်မယ်ဆိုပြီး သည်ဆန်းသတင်းမှာ ရေးသားထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/190441





No comments:
Post a Comment