
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ အာဆင်နယ် အသင်းက လိဂ်တန်းက မဟုတ်တဲ့ ဆပ်တန် ယူနိုက်တက် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် အသင်းဟာ ဘိုင်ယန် မြူးနစ်ကို ဂိုးပြတ်နဲ့ ရှုံးတဲ့ ပွဲစဉ်က လူစာရင်းကို ၇ ဦး အထိ အပြောင်းအလဲ လုပ်ပြီး ယှဉ်ပြိုင် သွားပါတယ်။
အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာ ပီရက်ဇ်က သွင်းယူပါတယ်။
အဝေးကွင်းဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာ အာဆင်နယ်အတွက် ဒုတိယဂိုးကို တိုက်စစ်မှူး ဝဲလ်ကော့က သွင်းယူပါတယ်။
ဆပ်တန်အသင်း အခွင့်အရေးတချို့ ရပေမယ့်လည်း အသုံးမချနိုင်လို့ အရှုံးပေးလိုက်ရပါတယ်။
အာဆင်နယ်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လိဂ်တန်းကမဟုတ်တဲ့ လင်ကွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/190629





No comments:
Post a Comment