
ဝေးလ် တိုက်စစ်မှူး ဂါရတ်ဘေးလ် အနေနဲ့ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ် အသင်းကို စွန့်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်လာ လိမ့်မယ်လို့ မထင်ကြောင်း မန်ယူ တိုက်စစ် မှူးဟောင်း ရွိုင်ယန်ဂစ်က ပြောပါတယ်။
တိုက်စစ်မှူး ဘေးလ်ဟာ ၂၀၁၃ မှာ စပါးစ်အသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးရဲလ်ကို ရောက်ရှိသွားတာပါ။
လောလောဆယ်မှာ တိုက်စစ်မှူး ဂစ်ရဲ့ အသင်းဟောင်း မန်ယူက ဘေးလ်ကို ကမ်းလှမ်းမှုတွေ လုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။
သူ့ကြည့်ရတာ ရီးရဲလ်မှာ ပျော်ပုံရပြီး တခြားအသင်းတွေကို သွားမယ်လို့ မထင်ကြောင်း ဝေးလ်လက်ရွေးစင်ဟောင်း ဂစ်က ပြောပါတယ်။
ဘေးလ်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၃ လလောက် နားခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ပွဲစဉ်မှာတော့ ပါဝင်ကစားပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/190629





No comments:
Post a Comment