မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 22, 2017

ဂိုးအပြန်အလှန်သွင်းပြီး မန်စီးတီးက ၅ ဂိုး ၃ ဂိုးဖြင့် မိုနာကိုကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမ အကျော့ ပွဲစဉ်မှာ မန်စီးတီးက မိုနာကို အသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မန်စီးတီး အသင်းဟာ အိမ်ကွင်း ဖြစ်ပေမယ့်လည်း ခက်ခက် ခဲခဲ ကစားပြီးမှ အနိုင်ရ ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာ စတာလင်က သွင်းယူပါတယ်။

မိုနာကိုအတွက် ချေပဂိုးကို ၃၂ မိနစ်မှာ တိုက်စစ်မှူး ဖယ်လ်ကာအိုက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး သွင်းယူပါတယ်။

မန်စီးတီးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့်လည်း ထိုးဖောက်ကန်သွင်းခွင့်မှာတော့ မိုနာကိုက ပိုရခဲ့ပါတယ်။

မိုနာကိုအတွက် ဒုတိယဦးဆောင်ဂိုးကို မိနစ် ၄၀ မှာ တဘက်နောက်တန်း လူကပ်မထားတဲ့ အမှားကနေ သွင်းယူပါတယ်။

မန်စီးတီးအတွက် ဒုတိယချေပဂိုးကို တိုက်စစ်မှူး အဂူရိုက ကန်သွင်းယူပါတယ်။

ဂိုးတွေ အပြန်အလှန်သွင်းနိုင်လို့ ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

တတိယဂိုးကို မန်စီးတီးနောက်တန်းရဲ့ အမှားကနေ တိုက်စစ်မှူး ဖယ်လ်ကာအိုက သွင်းယူပါတယ်။

တတိယချေပဂိုးကို ထောင့်ကန်ဘောကတဆင့် တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။

နောက်ပိုင်းမိနစ်တွေမှာ မန်စီးတီးအတွက် စတုတ္ထဂိုးကို ၇၇ မိနစ်မှာ ဂျွန်စတုန်း၊ ပဉ္စမဂိုးကို ၈၂ မိနစ်မှာ ဆာနေးက သွင်းယူပြီး အနိုင်ရသွားပါတယ်။

မန်စီးတီးဟာ ဒုတိယအကျော့ပွဲစဉ်အဖြစ် လာမယ့် မတ်လ ၁၆ ရက်နေ့ကျရင် မိုနာကိုအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190827

No comments:

Post a Comment