မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 22, 2017

တိုက်စစ်မှူးရွန်နီ မန်ယူတွင်ဆက်ရှိရန် မသေချာဟု နည်းပြပြော




တိုက်စစ်မှူး ရွန်နီရဲ့ အနာဂတ်ဟာ မန်ယူမှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားမှာ ရှိကြောင်း နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူအတွက် ဂိုးပေါင်း ၂၅၀ သွင်းပေးထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

တရုတ်စူပါလိဂ်ကလပ်တွေက ရွန်နီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

တရုတ်ကလပ်တွေရဲ့ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဟာ လာမယ့်အပတ်ထဲမှာ ပိတ်တော့မှာ ဖြစ်ပါတယ်။

ရွန်နီအနေနဲ့ အသင်းမှာဆက်နေမှာလားလို့ မေးရင်တော့ အာမ မခံနိုင်ဘူးလို့ ပြောရမှာပဲလို့ နည်းပြက ဆိုပါတယ်။

ကာယကံရှင် ကစားသမားကို သွားမေးတာ ပိုကောင်းတယ်လို့လည်း ပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ရွန်နီဟာ ဒီနှစ်ရာသီထဲမှာ ပုံမှန်ပွဲထွက်ကစားခွင့် မရဘဲ အရန်ထိုင်ခုံပေါ်မှာသာ အချိန်ကုန်ခဲ့ရပါတယ်။

ရွန်နီဟာ လောလောဆယ် ဒဏ်ရာရှိနေတဲ့အတွက် စိန်အက်တီယန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်၊ ဆောက်သမ်တန်နဲ့ လိဂ်ဖလား ဗိုလ်လုပွဲတွေကို လွဲချော်လိမ့်မယ်လို့ နည်းပြက ပြောဆိုထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190884

No comments:

Post a Comment