မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 22, 2017

နိုင်ငံတကာပွဲ အတွေ့အကြုံ နည်းမှုကြောင့် မြန်မာ့လက်ဝှေ့ အခက်ခဲများ ရှိ




ဆီးဂိမ်း ပြိုင်ပွဲ အတွက် လေ့ကျင့် နေတဲ့ မြန်မာ့ လက်ဝှေ့ အဖွဲ့ဟာ နိုင်ငံတကာ ပြိုင်ပွဲနဲ့ ဝေးနေ တာကြောင့် အခက်အခဲ တွေ့နေ ပါတယ်။

မြန်မာ့ လက်ဝှေ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူ ဆီးဂိမ်း ပြိုင်ပွဲ ပြီးကတည်းက နိုင်ငံ တကာပွဲ ယှဉ်ပြိုင် ထိုးသတ်ရခြင်း မရှိသေးတာပါ။

မြန်မာလက်ဝှေ့ အဖွဲ့အနေနဲ့ လေ့ကျင့် မှုတွေပဲ ပြုလုပ်နေတာ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ကစားသမား စုစုပေါင်း ၂၀ ကျော်ကို ကာဇက်စတန် နည်းပြ တဦးနဲ့ လေ့ကျင့် နေပါတယ်။

မြန်မာလက်ဝှေ့ အဖွဲ့ဟာ ဆီးဂိမ်း မတိုင်ခင် တရုတ်နိုင်ငံမှာ သွားရောက် လေ့ကျင့်ဖို့ စီစဉ် ထားပေမယ့် ကာဇက်စတန် နိုင်ငံမှာ ကျင်းပမယ့် လက်ဝှေ့ ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင် တာက ကစားသမားတွေ အတွက် ပိုပြီး အတွေ့ အကြုံရမယ်လို့ ကာဇက်စတန် နည်းပြက ပြောပါတယ်။

ဒါပေမယ့် ပြိုင်ပွဲစရိတ်မရှိတာကြောင့် နိုင်ငံတော်အစိုးရ အစီအစဉ်ဖြစ်တဲ့ Government to Government အရ တရုတ်နိုင်ငံမှာပဲ သွားရောက်လေ့ကျင့်ရဖို့ များနေ တယ်လို့ မြန်မာ နည်းပြချုပ် ဦးတင်မောင်ဖေက ပြောပါတယ်။

မြန်မာလက်ဝှေ့သမားတွေအနေနဲ့ ပင်ကိုယ်အရည်အချင်း ကောင်းမွန်ပေမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ စေလွှတ်ယှဉ်ပြိုင်မှု နည်းပါးတာကြောင့် ပြိုင်ပွဲအတွေ့အကြုံပိုင်းမှာ ပြိုင်ဘက်နိုင်ငံတွေထက် တပန်းရှုံးနိမ့်စေတယ်လို့ လက်ဝှေ့နည်းပြတွေနဲ့ ကစားသမားတွေက ဆိုပါတယ်။

လာမယ့် သြဂုတ်မှာစတင်မယ့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့ကနေ အမျိုးသားပြိုင်ပွဲတမျိုးတည်းပဲ ထည့်သွင်းကျင်းပမှာဖြစ်ပြီး စုစုပေါင်း ဝိတ်တန်း ၆ တန်းမှာ ၄ တန်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ – လွှမ်းမိုးအောင်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/191031

No comments:

Post a Comment